အင်္ဂပူ ၉  ဩဂုတ်

အင်္ဂပူမြို့နယ်ရှိ ခွေးတောက်ချောင်းကျေးရွာ၊ လန်တာကျေးရွာနှင့် စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်းကျေးရွာ တို့တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့သည့် အိမ်ခြေ အလုံး ၈၀ နှင့် အိမ်ထောင်စု  ၈၀ စုတို့အား ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများမှ အိမ်ဆောက် ပစ္စည်းဖိုး ငွေကျပ် သိန်း ၈၀ နှင့် အိမ်ထောင်စု (၈၀)စု၊ လူဦးရေ (၃၀၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၆၄၆၈၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၈၆၄၆၈၀၀ အား သဘာဝဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)