ဒီးမော့ဆို ၉ ဩဂုတ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါငံရောက်ကျေးရွာရှိ ရွှေအိုး စက်မှုလက်မှုလုပ်ငန်းသမဝါယမအသင်းလီမိတက်သည် အသင်းဝင် အသင်းသားများအတွက်  အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်နှင့် အသင်းသားတို့ တတ်မြောက်ထားသည့် အသက် မွေးဝမ်းကြောင်းပညာရပ်များဖြင့် မိမိတို့၏ ရပ်ရွာအကျိုးကို ဆောင်ရွက်နိုင်စေရန်နှင့် လူမူစီးပွား ဘဝမြှင့်တင်ရေးကို အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်၍ အသင်းအားဖွဲ့စည်းထားခြင်း ဖြစ်သည်။  

အဆိုပါအသင်းသည် EXIM Bank ပံ့ပိုးချေးငွေ၊ အသင်းအဆင့်မြှင့် Model ချေးငွေနှင့် ဒီးမော့ဆိုမြို့နယ်သမဝါယမအသင်းစုတို့မှလည်း အလျဉ်းသင့်သလို အသင်းပံ့ပိုးချေးငွေများရယူလျက် တစ်ပိုင်တစ်နိုင် လယ်ယာသုံးလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်း၊ သံပန်းသံတံခါးများပြုလုပ်ခြင်း၊ သံနှင့်ပတ်သက်သည့် အိမ်ယာဆောက်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အခြားလုပ်ငန်းများကိုလည်း  ချဲ့ထွင်ဆောင်ရွက်လာနိုင်သည့်အတွက် အောင်မြင်နေသောသမဝါယမ အသင်းအဖြစ် ရပ်တည်လာနိုင်ပြီး အသင်းသားများ၏လူမှုစီးပွားဘဝ လိုအပ်ချက်များကို သမဝါယမ နည်းလမ်းဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။

Myanmar Digital News

2 mdn