ချင်းရွှေဟော် ၉ ဩဂုတ်
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၆၇)ဉီးအား ယနေ့ မွန်းတည့် ၁၂ နာရီက သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများမှာ ဩဂုတ် ၈ ရက် ညနေ ၆ နာရီက ၁၈ ဉီးနှင့် ယနေ့ မွန်းတည့် ၁၂ နာရီက (၄၉) ဉီး စုစုပေါင်း (၆၇)ဉီးဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
နေရပ်ပြန်ပြည်သူ (၆၇)ဉီးမှာ အမျိုးသား(၄၂)ဉီး၊ အမျိုးသမီး(၂၅)ဉီးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဉီး၊ မန္တလေး တိုင်းဒေသကြီးမှ (၅)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဉီး၊ ကချင်ပြည်နယ်မှ (၁)ဉီး၊ ချင်းပြည်နယ်မှ (၁)ဉီး၊ ရှမ်းပြည်နယ်မှ (၃၃)ဉီးနှင့် ရခိုင်ပြည်နယ်မှ (၂၅)ဉီးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများမှ တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် အမျိုးသား (၃၆)ဉီး၊ အမျိုးသမီး (၁၃)ဉီး စုစုပေါင်း (၄၉)ဉီးသည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးအမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍ ၎င်းတို့အား ချင်းရွှေဟော်မြို့၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိပြီး ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူကာ ဓာတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေ ကောင်းမွန်ကြောင်းသိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်း သိရသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၇၉၆၈)ဉီးနှင့် အမျိုးသမီး (၆၃၇၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၃၄၄)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)