ဆိုးလ်    ဩဂုတ်

ပြီးခဲ့တဲ့ရက်များအတွင်း တောင်ကိုရီးယားမှာ မိုးများသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းနဲ့ ရေကြီးခြင်းများကြောင့် အနည်းဆုံးလူပေါင်း ၃၀ သေဆုံးခဲ့ရပြီး၊ ၁၂ ဦးပျောက်ဆုံးနေကာ သေဆုံးသူ အရေအတွက် ဒီ့ထက်ပိုလာနိုင်တယ်လို့လည်း သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာမှုကြောင့် နိုင်ငံတောင်ပိုင်းမှာ မိုးများပိုသည်းခဲ့ပါတယ်။

တကယ်တော့ ဩဂုတ်လ()ရက်နေ့ကတည်းက နိုင်ငံတစ်ဝန်းမှာ မုတ်သုံမိုးများ အဆက်မပြတ်ရွာသွန်းခဲ့မှုက ရှိနေခဲ့တာပါ။ ပြည်နယ်ပေါင်း(၁၁)ခုနဲ့ မြို့များက ပြည်သူ (၅၉၀၀) ကျော်ဟာ နေအိမ်များကိုစွန့်ခွာခဲ့ရပြီး အခြားလူပေါင်း(၄၆၀၀)ကတော့ ယာယီခိုလှုံရာများမှာ နေထိုင်နေကြရပါတယ်။ စိုက်ပျိုးမြေ ဟက် ၉၃၀၀ ခန့် ရေလွှမ်းခံခဲ့ရပြီး၊ တိုင်ဖွန်း Jangmi ဟာ ဒီရာသီအတွက် ()ခုမြောက် ဝင်ရောက်လာတဲ့ တိုင်ဖွန်းလည်းဖြစ်ကာ၊ လာမဲ့တနင်္လာနေ့မှာ ကိုရီးယားကျွန်းဆွယ်ကို တောင်ပိုင်းဒေသကနေ စတင်ဝင်ရောက်လာတော့မှာ ဖြစ်ပြီး၊ ရေကြီးမှုတွေက ဒေသအတော်များများမှာ ထပ်ကြုံရဦးမဲ့ အခြေအနေဖြစ်ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းက အိုကီနာဝါရဲ့ အနောက်တောင်ဘက်မှာ စတင်ဖြစ်ပေါ်လာခဲ့တဲ့ တိုင်ဖွန်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး၊ ဂျယ်ဂျူကျွန်းကို တနင်္လာနေ့မနက်(၁၀)နာရီလောက်မှာ ကျော်ဖြတ်လာနိုင်ကြောင်း ကိုရီးယားမိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။

ဒီအပူပိုင်းမုန်တိုင်းဟာ တနင်္လာနေ့၊ ညနေ ()နာရီလောက်မှာ ဆိုးလ်ရဲ့ အရှေ့တောင်ဘက် ၄၅၃ ကီလိုမီတာ မှာရှိတဲ့ တောင်ဘက်ဆိပ်ကမ်းမြို့ ဘူဆန်ရေပြင်ကိုလည်း ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တိုင်ဖွန်းရဲ့အရှိန်ကြောင့် ဂျယ်ဂျူကျွန်းနဲ့ ဂယောင်ဆန်ပြည်နယ်တို့မှာ လာမဲ့ရက်တွေအတွင်း မိုးများ အဆက် မပြတ်ရွာသွန်းနိုင်ပြီး တစ်နိုင်ငံလုံးအနှံ့မှာလည်း မိုးများ ရွာသွန်းနိုင်ပါတယ်။ မုန်တိုင်းလမ်းကြောင်းပေါ်ရှိ ဒေသ တစ်ချို့မှာ မိုးရေချိန်က ၁၀၀ ကနေ ၃၀၀ မီလီမီတာထိ ရွာသွန်းနိုင်တာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ပင်လယ်ဒီရေလည်း မြင့်တက်လာနိုင်လို့ အရှေ့တောင်ပိုင်းကမ်းခြေနေ ပြည်သူများ သတိထား ကြဖို့လည်း သတိပေးထားပါတယ်။ နယ်နဲ့မြို့ပေါင်း (၈၁) မှာ မြေပြိုကျမှုအန္တရာယ်ကိုသိရှိပြီး သတိမူကြဖို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ တောင်ပိုင်းတစ်ခွင် တစ်လလုံးမိုးများခဲ့လို့ ပြီးခဲ့တဲ့ တစ်လအတွင်းမှာ မြေပြိုမှု ပေါင်း(၆၆၇)ခုထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဟန်မြစ်ရေများလည်း မြင့်တက်လျက်ရှိပြီး Paldang ဆည်ကနေ ရေတွေဖောက်ထုတ်နေရပါတယ်။ မုန်တိုင်းအတွင်း မီးရထားလိုင်းတစ်ချို့ပိတ်ထားမှာဖြစ်ပြီး ဂွမ်ဂျူလေဆိပ်က လေကြောင်းခရီး စဉ်(၁၀)ခု လောက် ကိုလည်း ဒီကနေ့မနက်မှာ ပယ်ဖျက်ခဲ့ရပါတယ်။

#အောင်အောင်ဦး(MRTV)

#Source - AFP