ရန်ကုန် ၉ ဩဂုတ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံး ရရှိသူစာရင်းတွင် သိပ္ပံဘာသာတွဲမှ အမှတ်အများဆုံး ရရှိသူ(၁၂)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၀)ဦး ရရှိခဲ့ပြီး ဝိပ္ပံဘာသာတွဲမှ အမှတ်အများဆုံးရရှိသူ (၁၁)ဦးမှာ (၃)ဦး ရရှိခဲ့ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံးရရှိသည့် ပထမ၊ ဒုတိယ၊ တတိယ စာရင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦး ဝင်ရောက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူအဖြစ် အထက (၁)ဒဂုံ၊ ရန်ကုန်တိုင်းဒေသကြီးမှ မမေသက်ထွန်းက စုစုပေါင်းရမှတ် (၅၅၂)မှတ်ဖြင့် ပထမ၊ တစ်နိုင်ငံလုံး ဒုတိယအမှတ် အများဆုံးရရှိသူအဖြစ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်)မှ မဆုပြည့်ပြည့်စံက စုစုပေါင်းရမှတ် (၅၅၀)မှတ်ဖြင့် ဒုတိယ၊ တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံး ရရှိသူများအဖြစ် ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း(ကမာရွတ်)မှ မောင်ဇင်လှိုင်ထူးနှင့် အထက(၁)ဒဂုံမှ မကျော့ဟေမာန်မျိုးတို့က စုစုပေါင်းရမှတ် (၅၄၉)မှတ်စီဖြင့် ပူးတွဲရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံးမှ သိရသည်။