မန္တလေး  ဩဂုတ်

မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ သမဝါယမ  ဦးစီးဌာန   ဝန်ထမ်းများနှင့် သမဝါယမ အသင်း အဆင့်ဆင့်  အမှုဆောင်များ စွမ်းရည်မြှင့်မားရေးကို ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများ  ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရမည်းသင်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေး ခန်မတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနား သို့ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မိုးတင့်   မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝန်ထမ်းများ တက်ရောက် ခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော့မိုးတင့် မှ မဝါယမအသင်း ဥပေဒ နည်းဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်နှင့် ညွှန်ကြားချက် ညွှန်ကြားလွှာ စာရင်းရေး စာရင်းကိုင် စာရင်းစစ် ဘာသာရပ်  ဌာနခွဲများတွင် လုပ်ငန်း ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများ  ရှင်းလင်းရန် ရှိသည့်ပြဿနာများနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေး မှုများကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)