နွားထိုးကြီး  ၁၀   ဩဂုတ်

 

 

မန္တလေးတိုင်းသေကြီး၊မြင်းခြံခရိုင်နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၈၈) ရွာတွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်းကို နွားထိုးကြီးမြို့နယ် လျှပ် စစ်မန်နေဂျာရုံးမှ သိရသည်။

 

အဆိုပါကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုဘတ်ဂျက်  NPE စီမံကိန်းများ၊ PFI စသော ဘတ်ဂျက်များအပြင် အလှူရှင်များ၏  ပံ့ပိုးကူညီမှုဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် 11KV/0.4 KV ထရန်စဖော်မာများကို တည်ဆောက်ပေးခဲ့ပြီး ကျေးရွာအတွင်း ၄၀ဝ ဗို့ဓာတ်အားလိုင်းများကို သက်ဆိုင်ရာ ကျေးရွာအလိုက် မီးလင်းရေးကော်မတီများ စနစ်တကျ ဖွဲ့စည်းပြီး ကျေးရွာနေပြည်သူများမှ ထည့်ဝင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြည်သူများလျှပ် စစ်သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျသုံးစွဲနိုင်ရေးအတွက် ခရိုင်၊မြို့နယ် လျှပ်စစ်ရုံး တာဝန်ရှိသူများမှ ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးခြင်းနှင့် လျှပ်စစ်အန္တ ရာယ် ကင်းရှင်းရေး စာစောင်များဖြန့်ဝေခြင်း၊ကျေးရွာလိုင်းမင်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုခရိုင် လျှပ်စစ်မန်နေဂျာ ဦးတိုးတိုးအောင်က ပြောကြားခဲ့သည်။

 

ယခင်က နွားထိုးကြီးမြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာအချို့အတွက် နွားထိုးကြီးမြို့  33/11 KV (10) MVA  နွားထိုးကြီးခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ  ယခုအခါ ကျေးရွာပေါင်း (၁၈၈)ရွာအတွက် ၂၀၁၇-၂၀၁၈ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် 33/11 KV ( 5 ) MVA ပြင်စည်ဓာတ် အားခွဲရုံနှင့် ၂၀၁၈-၂၀၁၉ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် 33/11 KV ( 5 ) MVA ဝက်လူးဓာတ်အားခွဲ ရုံများကို တိုးချဲ့ တည်ဆောက်ခဲ့ပြီး ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။

 

သန်းအောင်ဇော်