နေပြည်တော် ၁၀ ဩဂုတ်
ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၄၃/ ၄)နှင့် (၃၄၃/၅)အကြားတွင် Suzuki carry Hijet ယာဉ်တစ်စီး လမ်းလယ်ကျွန်းတွင် ကာရံထားသော ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးအနက် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စကားအင်း အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ဒဏ်ရာရရှိသူ နှစ်ဦးအား တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN
