မယ်စဲ့ ၁၀ ဩဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မယ်စဲ့မြို့နယ်အတွင်းရှိ ဟိုစဲ့ကျေးရွာ(အ.မ.က)ခွဲ ကျောင်းဝန်းအတွင်း တန်ဖိုးနည်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းဆုံကျေးရွာရှိ (အ.မ.က)ကျောင်း အဝင်လမ်း ပေ(၁၂၀) ကွန်ကရစ်လမ်း ခင်းခြင်းနှင့် (၃၀)ပေ ကွန်ကရစ်တန်စီကွင်း ဆောင်ရွက်ခြင်း လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်း လုပ်ငန်း၊ လမ်းဆုံ-လယ်တောလမ်း (၄/၄)မိုင် ရှိသည့်အနက် (၂/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ ၎င်းလမ်းပေါ်ရှိ အတက်အဆင်းမတ်သည့်နေရာအား (ဝ/၂)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ချောင်းရေတိုက်စားသည့် နေရာအား ရှောင်ကွင်းလမ်း (၈၀ဝ)ပေ လမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ ပေ (၂၀)ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ဟိုဂျစ်ကျေးရွာအနီး ကျိုက်ထီးရိုးတောရကျောင်းဝန်းအတွင်းရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ပေ(၃၀)ကွန်ကရစ်တံတား (၁)စင်း၊ မြေထိန်းနံရံ၊ လူကူးသစ်သားတံတားနှင့် ကွန်ကရစ် ရေကျော်တံတား တည်ဆောက်ခြင်း လုပ်ငန်းတို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ကုမ္ပဏီများ၏ တာဝန်ခံများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်အစိုးရအဖွဲ့) ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)