၁၀ ဩဂုတ်
အမေရိကန် ကော်လိုရာဒိုက Grand Junctionရဲ့ မြောက်ဘက်မှာရှိတဲ့ Pine Gulch မှာ တောမီးများ လောင်ကျွမ်းလျက်ရှိပြီး၊ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ တိမ်စိုင်ကြီးက အတော်ပဲကြီးမားခဲ့ပါတယ်။ ဂြိုဟ်တုကနေတစ်ဆင့် Maxar နည်းပညာက ရိုက်ယူခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်။ လက်ရှိမှာ တောမီးကို (၇) ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်နိုင်ပါသေးတယ်။ (၁၈) မိုင်လောက်ထိ ဆက်လက်လောင်ကျွမ်းနေပြီး မနေ့ကအထိကို ဧက(၂၄၀၀၀) ထိ မီးလောင်ကျွမ်းခဲ့ကြောင်း မြေယာစီမံခန့်ခွဲမှုဗျူရိုက ပြောကြားခဲ့ပါတယ်။
#အောင်အောင်ဦး(MRTV)
Source - AFP