တာချီလိတ်  ၁၀  ဩဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုးကုပ်တရားဓမ္မရိပ်သာ၌ Quarantine ဝင်လျက်ရှိသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား (၄၉)ဦး၊ အမျိုးသမီး (၂၁) ဦး စုစုပေါင်း (၇၀)ဦးကို မော်တော်ကားများဖြင့် ၎င်းတို့၏နေရပ်အသီးသီးသို့ ယနေ့ နံနက် ၉ နာရီက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် ဇူလိုင် ၂၉ ရက်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး Quarantine ဝင်နေကြသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမရှိကြောင်း သိရသဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ ကျန်းမာရေးထောက်ခံချက် စာရွက်စာတမ်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိပါက ကျန်ရှိသောရက်များအတွက် Facility Quarantine ဝင်ရမည်ဖြစ်ပြီး ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်နှင့် လိုက်နာရမည့် အချက်များကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း တာဝန်ရှိသူများက မှာကြားခဲ့သည်။

 

ယခုတွင် မိုးကုတ်တရားဓမ္မရိပ်သာတွင် နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၆၄ ဦး ဆက်လက် Quarantine ဝင်လျက်ရှိကြောင်း သိရသည်။

 

ယာဆေး (ပြန်/ဆက်)