ကမာရွတ် ၁၀ သြဂုတ်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်း သာယာလှပရေးအတွက် နေ့/ညတာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များကို ယမန့်နေ့ မွန်းတည့် ၁၂ နာရီက စေတနာရှင်မိသားစုမှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းများနှင့် မိသားစုများအား စေတနာရှင်မိသားစုမှ တစ်ဦးလျှင် (၁၀ဝ၀ဝ)ကျပ်၊ ဆန်(၂)ပြည်၊ ရေသန့်ဘူး (၁)ဘူး၊ ငါးသေတ္တာ (၁)ဘူး၊ ဆေးဘူး (၁)ဘူး၊ အချိုရည် (၁)ဘူးတို့အား ဝန်ထမ်း ၆၀ ခန့်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)