နတ်မောက်  ၁၀  သြဂုတ်

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ နတ်မောက်မြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)