နမ့်စန်(တ)  ၁၀  ဩဂုတ်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နမ့်လတ်ချောင်းရေ မြင့်တက်ခဲ့မှုကြောင့် အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ (၃၆၀) ခန့်  နေအိမ်ခြံဝန်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါရေဝင်ရောက်သည့် နေရာများတွင် ယနေ့ နံနက် ၇ နာရီမှစ၍ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွေး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျှက်ရှိပြီး ရေဝင်ရောက်မှု ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)