စလင်း  ၁၀  ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၈ နာရီက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနား ကျင်းပရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးတို့က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မကွေးတိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မောင်လွင်(ပြန်/ဆက်)