မင်းဘူး   ၁၀ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မြန့်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မင်းဘူးမြို့ မန်းရေနံမြေ ဝန်ထမ်းများစုပေါင်း၍ ၂၀၂၀ ပြည့်နှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်ရာ(၃) ဘောလုံးကွင်းပတ်လည်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် မန်းရေနံမြေဝန်းအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေနိုင်စေရန် ရည်ရွယ်၍ ကျွန်းနှင့် မန်ဂျန်ရှား ပျိုးပင်များကို အိမ်ရာ(၃) ဘောလုံးကွင်းပတ်လည်တွင် မင်းဘူးမြို့ မန်းရေနံမြေ အထွေထွေ မန်နေဂျာ ဦးရဲနိုင်နှင့် ဌာနမှူးကြီးများ၊ မန်းရေနံမြေဌာန အသီးသီးမှ ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာနမှ ပံ့ပိုးကူညီမှုဖြင့် ကျွန်း ၇၅ ပင်နှင့် မန်ဂျန်ရှား ၇၅ ပင် စုစုပေါင် အပင် ၁၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)