တာချီလိတ် ၁၀ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ထိုင်းနိုင်ငံသား သံဃာတော် တစ်ပါးနှင့် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ကို မြန်မာနိုင်ငံမှ တာဝန်ရှိများက ယနေ့ နံနက်ပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန် ထိုင်းနိုင်ငံသား သုံးဦးကို တာချီလိတ်မြို့ လဝကဌာနခွဲ(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ မြန်မာ-ထိုင်း ဆက်ဆံရေးတာဝန်ခံ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ဦးထွန်းနှင့် CNCMC အဖွဲ့က ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားသုံးဦးအား လွှဲပြောင်းပို့ဆောင်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်ခဲ့ကာ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
ယာဆေး(ပြန်/ဆက်)