ခန္တီး ၁၀ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ မိုးရေချိန် ၁ ဒသမ ၃၈ လက်မရှိပြီး ချင်းတွင်းမြစ်ရေ ၈၈၃ စင်တီမီတာ ရှိကြောင်းနှင့် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ ၉၁၉ စင်တီမီတာရှိပြီး တစ်ပေကျော်တိုးလာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရေး(၄) ဦးဂျွန်တူးအောင်၏ ပြောပြချက်အရ သိရသည်။

 

မိုးအဆက်မပြတ်ရွာသွန်းပါက ချင်းတွင်းမြစ်ရေ ဆက်လက်တိုးလာနိုင်ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)

 

mdn