နမ္မတူ ၁၀ ဩဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း(၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉)စုအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ရှိ မြို့လယ်ဓမ္မာရုံ၌ ဆောက်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် ပူးပေါင်းအဖွဲ့က လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် ကြူဆော့ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉)စုအတွက် တစ်အိမ်ထောင်လျှင် ဆီ (၁)ပိဿာ၊ ဆား (၅၀) ကျပ်သား၊ ကုလားပဲ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်းဆီ (၁၂၉)ပိဿာ၊ ဆား (၆၅)ပိဿာ (၅၀)ကျပ်သား၊ ကုလားပဲ (၁၂၉)ပိဿာနှင့် ဆန်အိတ် (၈၇)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စုများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)