လားရှိုး ၁၀ ဩဂုတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၇၃)ဦးအား ယနေ့တွင် လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၇၃) ဦးမှာ အမျိုးသား  (၅၇)ဦး၊ အမျိုးသမီး (၁၆)ဦးဖြစ်ပြီး ကချင်ပြည်နယ်မှ (၁)ဦး၊ ကယားပြည်နယ်မှ (၂)ဦး၊  ချင်းပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၀)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မွန်ပြည်နယ်မှ(၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၇)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ(၂၉)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦးတို့ဖြစ်သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေ ၆ ရက်မှ  ဩဂုတ် ၁၀ ရက် (ယနေ့)အထိ နေရပ်ပြန်ပြည်သူ အမျိုးသား  (၈၉၃၀)ဦး၊ အမျိုးသမီး (၅၅၆၃)ဦး စုစုပေါင်း (၁၄၄၉၃) ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

နန်းသန္တာဦး(ပြန်/ဆက်)

 

mdn