၁၀ ဩဂုတ်
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ချာမန်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသန္တရ မီဒီယာက ပြောကြားခဲ့သည်။
ထိုဒေသရှိ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဘာလိုချီစတန်ပြည်နယ် အနောက်တောင်ပိုင်း ချာမန်ဒေသ မောလ် လမ်းအနီးတွင် အစိုးရ မော်တော်ယာဉ်တစ်စီး တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။
ကယ်ဆယ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များသည် ထိုနေရာသို့ ရောက်ရှိလာပြီး ဒဏ်ရရသူများကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးပေ။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အုပ်စု သို့မဟုတ် မည်သူ တစ်ဦးတစ်ယောက်ကမျှ ပြောဆိုခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို