ဇေယျာသီရိ ၁၀ ဩဂုတ်
ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်မွေးမြူထုတ်လုပ်ခြင်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဒေါ်တိုးမြင့်ထွေးက ကိုဗစ်-၁၉ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ ဖွင့်လှစ်ပို့ချသော သင်တန်းဖြစ်ပြီး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုထိန်းချုပ်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို သင်တန်းတွေ ဖွင့်လှစ်ပို့ချဖြင်းဖြစ်ကာ ယခုသင်တန်းတွင် တိုင်းရင်းကြက် သိပ္ပံနည်းကျမွေးမြူထုတ်လုပ်ရေး၊ ကူးစက်ရောဂါကာကွယ်ရေးထိန်းချုပ်ရေး စသည့် အကြောင်းအရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုနှင့် နန်းဩကျေးရွာအုပ်စုများမှ သင်တန်းသား/သူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ တိုင်းရင်းကြက် စသည့် မွေးမြူထုတ်လုပ်ရေး သင်တန်းများနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းများကို တစ်ကြိမ်လျှင် (၃)ရက်၊ စုစုပေါင်း (၁၄) ကြိမ် ဖွင့်လှစ်ပို့ချပြီး ဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)