နေပြည်တော် ၁၀ ဩဂုတ်
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်သူများနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက် သွားလာမှုများအား စစ်ဆေးလျက်ရှိရာ ဩဂုတ် ၅ ရက် ညနေပိုင်းတွင် စစ်တွေမှ မန္တလေးသို့ ထွက်ခွာလာသော ရွှေလမင်းခရီးသည်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်လိုက်ပါလာသူများထဲမှ ပေါက်တောမြို့ သုံးပတ်ချိုင်ကျေးရွာနေအောင် သိန်းထွန်း (၂၅)နှစ်အား AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များပါရှိသော ဖုန်းနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အောင်သိန်းထွန်းအား တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်