နေပြည်တော် ၁၀ ဩဂုတ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဩဂုတ် ၇ ရက် ညနေ ၆ နာရီမှစ၍ မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုရှိ အရာရှိ၊ စစ်သည်များသည် ရန်သူ့သတင်းအရ လုံခြုံရေးဆောင်ရွက်နေစဉ် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂)ဂိတ်တံခါးကို လူတစ်ဦး လာရောက်တွန်းဖွင့်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် သေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီး ခဲ့ကြောင်း။

 

ဖမ်းဆီးရမိသူမှာ မြောက်ဦးမြို့နယ် ပုဇွန်ဖေကျေးရွာနေ စံရွှေလှိုင် ၄၁ နှစ်ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိစဉ် အရက်မူးလွန်နေသဖြင့် စစ်ဆေး၍မရဘဲ ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် စစ်ဆေးမေးမြန်းခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူ ဖြစ်ကြောင်းနှင့် ၎င်းကို အသေးစိတ်ထပ်မံစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်