အင်ကာရာ ၁၀  ဩဂုတ်

 

အိမ်နီးချင်း ဂရိနိုင်ငံနှင့် တင်းမာမှုဖြစ်ပေါ်နေချိန်တွင် တူရကီနိုင်ငံက သုတေသန သင်္ဘောတစ်စင်းကို မြေထဲပင်လယ် အရှေ့ပိုင်းသို့ ဩဂုတ် ၁၀ ရက် တွင် စေလွှတ်ခဲ့ရာ ယင်းကိစ္စကြောင့် ဂရိနိုင်ငံနှင့် တင်းမာမှုများ ပိုမိုပေါက်ဖွား လာနိုင်ဖွယ်ရှိကြောင်း ဒေသမီဒီယာများက ဖော်ပြကြသည်။ ။

 

မကြာသေးမီက တွေ့ရှိခဲ့သည့် ဓာတ်ငွေ့တွင်းများနှင့် ပတ်သက်၍ တူရကီ၊ ဆိုက်ပရပ်စ်နှင့် ဂရိတို့အကြား အဆိုပါနေရာကို မည်သူက ပိုင်ဆိုင်ကြောင်း နှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားကာ တင်းမာမှု မြင့်တက်လာခဲ့သည်။ တူရကီစွမ်းအင်ဝန်ကြီး ဖာတီ ဒန်မက်ဇ်က ဩဂုတ် ၁၀ ရက်တွင် Oruc Reis အမည်ရှိ သုတေသနသင်္ဘော လုပ်ငန်းဆောင်ရွက်မည့် နေရာဆီသို့ ရောက်ရှိပြီဖြစ်ကြောင်း တွစ်တာပေါ်၌ ရေးသားဖော်ပြသည်။ ။

 

မြေထဲပင်လယ်နှင့် ပင်လယ်နက်ထဲတွင် တူရကီနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းအားထုတ်မှုကို အနှောင့်အယှက် အတားအဆီး အဖြစ်မခံဘဲ ဆက်လက် ကြိုးပမ်းမည်ဖြစ်ကြောင်း ဒန်မက်ဇ်က ပြောကြားခဲ့သည်။

 

တူရကီက စေလွှတ်လိုက်သည့် သုတေသနသင်္ဘောသည် လာမည့် သြဂုတ် ၁၀ ရက်မှ၂၃ ရက်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တူရကီက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်လက Meis ကျွန်းပေါ်တွင် သုတေသနသင်္ဘောဖြင့် ဟိုက်ဒရို ကာဗွန်ရှာဖွေမည့် တူရကီ၏ အစီအစဉ်ကိုဂရိနိုင်ငံက အကြီးအကျယ်ဒေါသထွက်ခဲ့

သည်။

အေအက်ဖ်ပီ