ဂန့်ဂေါ  ၁၁   ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်းကို ညောင်လယ် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါမီးလင်းရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ်သိန်း(၈၀)တိတိဖြင့် ကွန်ကရစ် မီးတိုင်(၁၄)တိုင်၊ (၄၀၀) ဗို့ ဓာတ်အားလိုင်း ပေ(၁၇၀၀)ဖြင့် တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာကော်မတီက တာဝန်ယူဆောက်လုပ်ထားခြင်းဖြစ်သည်။

 

အဆိုပါမီးလင်းရေးလုပ်ငန်းကို မေ ၁၀ ရက်တွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ဇူလိုင် ၂၁ ရက်က မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)