၁၁ ဩဂုတ်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျီ-၇ ထိပ်သီး အစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲ ပြီးဆုံးချိန်အထိ ရွှေ့ဆိုင်းထား လိုသည်ဟု ဆိုသည်။
ထရမ့်က ရွေးကောက်ပွဲအပြီး တစ်ချိန်ချိန်တွင် ထိုအစည်းအဝေးကို ကျင်းပရန် လိုလာကြောင်း ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးကို လက်ခံကျင်းပနေစဉ် သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ယူဆကြောင်း ထရမ့်က ရှင်းလင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို တယ်လီကွန်ဖရင့် သို့မဟုတ် အစည်းအဝေးပွဲ ပြုလုပ်နိုင်ကြောင်းနှင့် အစည်းအဝေး ပြုလုပ်မည့် ပုံစံကို ဆက်လက် ဆွေးနွေးသွားမည်ဟု ထရမ့်က အရိပ်အမြွက် ပြောကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရသည်။ ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်လ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အချို့သည် လူချင်း တွေ့ဆုံရန် မလိုလားကြောင်း ပြောကြားခဲ့ကြသည်။
ထရမ့်က ဂျီ-၇ အဖွဲ့ဝင် မဟုတ်သော နိုင်ငံများမှ ခေါင်းဆောင်များကို ဖိတ်ကြားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ကြားရန် ရည်ရွယ်ချက် ရှိ၊ မရှိ မေးမြန်းရာ ထရမ့်က ဖိတ်ကြားမည်မှာ သေချာကြောင်းနှင့် အရေးကြီးသော ကိစ္စဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို