ကွန်ဟိန်း ၁၁ ဩဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာရှိ မြေ(၅)ဧကခန့်အား ၁၉၉၁ ခုနှစ်တွင် မြို့နယ်ရေအားလျှပ်စစ်ပိုင်မြေနေရာအဖြစ် သိမ်းဆည်းထားရှိသည့်မြေအား မူလပိုင်ရှင်များသို့ ပြန်လည်မလွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မူလပိုင်ရှင်များအား ပြန်လည်စွန့်လွှတ်မြေ လျှောက်လွှာပုံစံ (၃) ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ဒေါ်နန်းအောင် ထံသို့ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်းက ဒေါ်သိန်းထံသို့ လည်းကောင်း၊ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးစိုင်းထွန်းကြည်က ဦးဆန်ဆောထံသို့လည်းကောင်း ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များနှင့် သိမ်းဆည်းထားရှိသည့် မြေမူလပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)