ကျုံပျော် ၁၁ သြဂုတ် 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ထုတ်ပြန်ကြေညာလျက်ရှိရာ ယနေ့အထိ မဲစာရင်းကြည့်ရှုသူ (၂၆၅၁၉) ဦးနှင့် တောင်းဆိုကန့်ကွက် ပြင်ဆင်သူပေါင်း (၆၁၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာကော်အရှင်အဖွဲ့ ခွဲရုံးများတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ (၂၁) ရက်ကြာ ကြေညာပေးလျက်ရှိပြီး  ပြည်သူများ မဲစာရင်းများလာရောက်ကြည့်ရှုရန် အသိပေးလှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက မဲစာရင်းကြေညာမှု စနစ်တကျရှိရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး ကွက်လပ် ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရွေးကောက်ပွဲအတွက် ကျုံပျော်မြို့နယ်တွင် မဲရုံပေါင်း (၂၃၃) ရုံဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၁) သိန်း (၈) သောင်း ဝန်းကျင်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်ကျော်ထံမှ သိရသည်။

 

နေဝင်းမြင့်(ကျုံပျော်)