လမ်းမတော် ၁၁ သြဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင် ဘာ ၈ရက် တွင်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏မဲစာရင်းများ ကိုသက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိသည်။

 

ဆက်လက်၍ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် (၇)ရက် ထပ်မံတိုးမြှင့်ကြေညာ ထားမည်ဖြစ်ပြီး မဲဆန္ဒပြည်သူများ မိမိအမည်မဲစာရင်းတွင် ပါရှိမှသာ ဆန္ဒမဲပေးခွင့်ရရှိမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မဲဆန္ဒရှင်များအား အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ ဖြစ်သည့်ကားဂိတ်၊ စျေး၊ လမ်းသွားလမ်းလာပြည်သူများကို ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ကျော်ဆန်းမြင့်