ညောင်ဦး    ၁၁  ဩဂုတ်      

 
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် ပြည်သူများအတွက် စားသုံးဆီ အခက်အခဲများဖြစ်ပေါ်လာပါ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးပို့သော စားအုန်းဆီများကို ညောင်ဦးမြို့နယ် စိုက်ပျိုးရေးသုတေသနရုံးဝင်းရှိ  ဂိုဒေါင်တွင် စနစ်တကျ သိုလှောင်ထိန်းသိမ်း ထားရှိပြီးဖြစ်ကြောင်း အဆိုပါ ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။ 


စားသုံးဆီများ သိုလှောင်ရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်၍ ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးအဖွဲ့ ဌာနဆိုင်ရာများက နိုင်ငံတော်မှ ထောက်ပံ့သော စားအုန်းဆီ (၅)ဂါလန်ပုံး ၃၄၀၇ ပုံးကို ဩဂုတ် ၂ ရက်က လက်ခံရရှိပြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေး သုတေသနရုံးဝင်းရှိ ဂိုဒေါင်တွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်းနှင့် ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ပြည်သူများအတွက် စားသုံးဆီအခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


 ရဲဝင်းနိုင်(ညောင်ဦး)