တီးတိန် ၁၁ သြဂုတ်
ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်းသည် Type -3 ဆောင်ရွက် ခဲ့သည့် ဒိမ်လိုးကျေးရွာတွင် ယမန်နေ့က ရန်ပုံငွေလွှဲပြောင်းဆောင်ရွက်ပေးခဲ့ပြီး ယခုရက်ပိုင်းမှစတင်၍ တီးတိန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက မတည်ရန်ပုံငွေ ထုတ်ပေးခြင်းများ ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဆိုင်းဇန်၊ တုန်းဇန်၊ ဟေလေး၊ ငါလ်းဘွားလ်၊ မွာလ်ဇန်၊ ဒိမ်လိုးကျေးရွာတို့တွင် (Covid-19 Economic Relief Plan)လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအား Type -1, Type-2, Type -3 ဟူ၍ သုံးပိုင်းခွဲကာ Type -1 ငွေကျပ်သိန်း(၃၀၀)၊ Type-2 ငွေကျပ်သိန်း(၂၀၀)နှင့် Type -3 ငွေကျပ်သိန်း(၁၀၀) စသည်ဖြင့် အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် သုံးစွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် (Covid-19 Economic Relief Plan)၏ လုပ်ငန်းစီမံချက်အရ ကျေးလက်နေ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project (VRFP)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား