ပုဇွန်တောင် ၁၁ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းများတွင် သင်ကြားပို့ချလျက်ရှိသော ဆရာ/မ များအား PPE ဝတ်စုံဝတ်နည်းနှင့် ပိုးသတ်ဆေးဖျော်စပ် နည်းသင်တန်းကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အ.ထ.က (၂) ပုဇွန်တောင်ကျောင်းတွင် သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းကို ကျောင်းများ၌ Covid 19ရောဂါကာကွယ်ရာတွင် PPE ဝတ်စုံကို စနစ်တကျ ဝတ်ဆင်တတ်စေရန်နှင့် ပိုးသတ်ဆေးကိုစနစ်တကျဖျော်စပ်တတ်စေရန် ရည်ရွယ်၍ ထက်၊ လယ်၊ မူ ကျောင်း များတွင် သင်ကြားပို့ချလျှက်ရှိသော ဆရာ ဆရာမ ၂၀ အား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးက သင်ကြားပို့ချခဲ့ကြောင်းသိရှိရပါသည်။
နေခြည်(ပြန်/ဆက်)