မော်လမြိုင် ၁၁ ဩဂုတ်    

 

တောင်သူများအနေဖြင့် မိမိတို့လက်ဝယ်ရှိ လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျကိုင် တွယ်မောင်းနှင် အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ကြာအင်းကျေးရွာရှိ အမှတ်(၅၄)စက်မှုလယ်ယာစခန်း တွင် ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းတွင် ထွန်းစက်မောင်းနှင်ခြင်း/ ပြုပြင်ခြင်း၊ ရိတ်သိမ်းစက်မောင်းနှင်ခြင်း/ ပြုပြင်ခြင်းနှင့် ကောက်စိုက်စက် မောင်းနှင်စိုက်ပျိုးနည်းများကို မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့မှ တောင်သူသင်တန်းသား ၃၀ အား (၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)