ကျောက်ဆည်    ၁၁      ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  Mobile Table အသုံးပြု၍ပြည်သူ့ ကျန်းမာရေး ကြီးကြပ်(၂) များအား မွမ်းမံသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးက ကူးစက်ရောဂါကာကွယ်တိုက်ဖျက် ရေး ၊ဒေါက်တာယဉ်မင်းမင်းစိန်က ကျောင်းကျန်းမာရေးနှင့် ခံတွင်းရောဂါကာကွယ်ရေး၊ ဦးစီးအရာရှိ ဒေါက်တာအောင်ရဲကျော်က ရောဂါပိုးသယ်ဆောင်နိုင်သော ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါနှိမ်နှင်းရေးနှင့် မကူးစက်တတ်သော ရောဂါကာကွယ်ရေး၊ ဦးစီးအရာရှိ ဒေါက်တာ အောင်မင်းခန့်က ခုခံအားကျဆင်းမှု ရောဂါနှင့် လိင်မှတစ်ဆင့်ကူးစက် တတ်သောရောဂါများအကြောင်း၊ ကျန်းမာရေးမှူး(၁) ဦးဇင်ခိုင်အောင်က မျက်ခမ်းစက်နှင့် မျက်မမြင်ကာကွယ်ရေးဘာသာရပ်များကို အသီးသီးသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)များအား မွမ်းမံသင်တန်းကို တစ်ဦးနှင့်တစ်ဦး ကျန်းမာနှင့်ပတ်သက်၍ စောင့်ရှောက်မှု ပြုလုပ်ရာတွင် အဆင်ပြေ လွယ်ကူစေရန် နှင့်ပြည်သူ့ကျန်းမာရေးစနစ်အား အဆင့်မြှင့်တင်ရန် ဩဂုတ်လ (၁၀)ရက်နေမှ (၁၄) ရက်နေ့အထိ သင်တန်းသား သင်တန်းသူ(၃၂)ဦးအားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာ ယဉ်မင်းမင်းစိန်၏ ပြောပြချက်အရ သိရသည်။

 

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)