၁၁ ဩဂုတ်
ဉရောပနိုင်ငံ အချို့အမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်ရန် ဉရောပသမဂ္ဂ (EU) ရဲ့ ကျန်းမာရေးဌာနက တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။
ဉရောပတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုနှုန်း များနေတာကို သက်သေတွေ ရှိနေကြောင်း၊ နိုင်ငံအချို့မှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေ လျော့ရဲလာကြောင်း၊ နိုင်ငံအများစုကတော့ ဗိုင်းရပ်စ်ပိုး လက္ခဏာရှိရုံနဲ့ စစ်ဆေးမှုတွေ ပြုလုပ်လာတဲ့ အတွက်လည်း ပိုးတွေ့ရှိသူ များလာတာ ဖြစ်နိုင်ကြောင်း ဉရောပဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းသိမ်းရေး စင်တာ (ECDC) က ပြောပါတယ်။
တချို့နိုင်ငံတွေ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ များနေကြောင်းနဲ့ အဲဒီနိုင်ငံတွေမှာ အကန့်အသတ်တွေ ပြန်လည်ပြုလုပ်ဖို့ ပျက်ကွက်ခဲ့ရင် ပေးရမယ့် ပမာဏဟာ များသွားမယ်လို့ ECDC က သတိပေးလိုက်ပါတယ်။
ဩဂုတ် ၂ ရက်နေ့အထိ သီတင်းနှစ်ပတ် အတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာ ၁၀၀,၀၀၀ ကျော်ရှိကြောင်း၊ အဲဒီပိုး တွေ့ရှိသူတွေဟာ စပိန်၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမနီနိုင်ငံ တွေမှာ ဖြစ်တယ်လို့ ECDC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဉရောပနိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃.၃ သန်းကျော်ရှိပြီး သေဆုံးသူ ၂၁၃,၃၅၃ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP