ပခုက္ကူ    ၁၁   ဩဂုတ် 

 

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို  ဩဂုတ် ၁၁ ရက် နံနက်၁၀နာရီက ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးသည်။

 

ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေးပါတီ ၇  ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ၉၉ ဦးရှိပြီး ပထမနေ့တွင် ၁၅ ဦး စတင်စစ်ဆေးသည်။

 

လွှတ်တော်ကိုယ်စားလှယ်စားလှယ်လောင်း  အမည်စာရင်း တင်သွင်းလွှာများကို     ဩဂုတ် ၁၁ ရက်နေ့မှ ၁၇ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ပြန်/ဆက်)