၁၁ ဩဂုတ်

 

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်ခံရသူ သန်း ၂၀ ကျော် ရှိကြောင်းနဲ့ တစ်ဝက်ကျော်ဟာ အမေရိကန်နိုင်ငံမှာ တွေ့ရှိရကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၂၀,၀၀၂, ၅၇၇ ဦး ရှိပြီး သေဆုံးသူ ၇၃၃,၈၄၂ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေဟာ ကပ်ရောဂါပိုး ဒဏ်ခံရဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၅,၀၇၅,၆၇၈ ဦးနဲ့ သေဆုံးသူ ၁၆၃,၂၈၂ ဦးနဲ့ ဘရာဇီးနိုင်ငံမှာ ပိုးတွေ့ရှိသူ ၃,၀၅၇,၄၇၀ ဦးနဲ့ သေဆုံးသူ ၁၀၁,၇၅၂ ဦး ရှိကြောင်း သိရပါတယ်။

 

 

တရုတ်နိုင်ငံကနေ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း စတင်ကြေညာတဲ့ နေ့ကနေ ရက်ပေါင်း ၉၄ ရက် အတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်သန်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၈၆ ရက် ဇွန် ၂၈ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀ သန်း ဖြစ်လာခဲ့ပါတယ်။ ဇွန် ၂၉ ရက်ကနေ တစ်လခွဲအတွင်း ဒီနေ့ချိန်မှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂ ဆ ဖြစ်ခဲ့ရာ သန်း ၂၀ ကျော်ရှိလာခဲ့ပါတယ်။

 

 

လက်တင် အမေရိက နိုင်ငံတွေနဲ့ ကရစ်ဘီယန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅,၆၀၁,၄၇၀ ဦးနဲ့ သေဆုံးသူ ၂၂၁,၂၈၁ ဦးပါတယ်။ လွန်ခဲ့တဲ့ ၇ ရက်အတွင်း အဲဒီဒေသတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၇၆,၅၃၈ ဦးရှိကြောင်း သိရပါတယ်။

 

 

အာရှနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃,၄၉၃,၀၂၆ ဦးနဲ့ သေဆုံးသူ ၇၂,၄၈၆ ဦး၊ ဉရေပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃,၃၇၄,၁၆၆ ဦးနဲ့ သေဆုံးသူ ၂၁၃,၄၈၄ ဦးနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၂၅၇,၄၁၇ ဦးနဲ့ သေဆုံးသူ ၃၀,၃၆၃ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

ပြီခဲ့တဲ့ သီတင်းပတ် အတွင်းမှာ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၀၂,၂၈၇ ဦး ရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၅ သန်း ကျော်သွားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP