၁၁-၈-၂၀၂၀ ရက်၊ ဆိုးလ်မြို့
COIVD-19 ကူးစက်ရောဂါကာလတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် နိုင်ငံအရပ်ရပ်မှ မြန်မာနိုင်ငံသားများအတွက် ၁၁-၈-၂၀၂၀ ရက်၊ ၁၇:၀၀ နာရီတွင် (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ကို ပျံသန်းပြေးဆွဲပေးခဲ့ရာ၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၂၉) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၂၉) ဦး၊ အင်ဒိုနီးရှားမှ (၅) ဦး၊ ဗြိတိန်မှ (၄) ဦး၊ ဂျပန်မှ (၄) ဦး၊ ပြင်သစ်မှ (၃) ဦး၊ နော်ဝေမှ (၃) ဦး၊ ဂျာမနီမှ (၂) ဦး၊ ဆွစ်ဇာလန်မှ (၂) ဦးနှင့် သင်္ဘောသား (၁၆) ဦး၊ စုစုပေါင်း (၉၇) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြသည်။
အဆိုပါလေယာဉ်ခရီးစဉ်၌ စီးနင်းလိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs