မြဝတီ ၁၁ ဩဂုတ်

 

ထိုင်းနိုင်ငံရှိ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၁၆) ဦးသည် ယနေ့ ဩဂုတ်လ (၁၁)ရက်နေ့၊ နံနက်(၆)နာရီမှ ညနေ (၆)နာရီအထိ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ တစ်ဆင့် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက် လာကြသည်။ ပြန်လည်ဝင်ရောက်လာသူများမှာ အမျိုးသား(၄၀၁) ဦးနှင့် အမျိုးသမီး(၂၁၅) ဦး စုစုပေါင်း(၆၁၆)ဦးဖြစ်ပြီး အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ/အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူများနှင့် စက်ရုံလုပ်ငန်းများ ကာလကြာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသူများဖြစ်သည်။

 

အဆိုပါ ပြန်ဝင်ရောက်လာသောသူများအား မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီးရှိ Quarantine Center များသို့ ခရီးသည်ယာဉ် စီစဉ်ပို့ဆောင်ပေးခဲ့သည်။

 

#MRTV