သံဖြူဇရပ် ၁၁ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံမှန်ကန်သော အခြေခံမဲဆန္ဒရှင် စာရင်းရရှိစေရန်နှင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို သံဖြူဇရပ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာရုံးများမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဩဂုတ် ၁၁ ရက် နံနက် ၁၀ နာရီက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ဘအသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့်ပြည်သူ(၂၅)ဦးကို မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွန်းနိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

 

ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို ကွင်းဆင်းဆောင်ရွက်ပေးရာ၌ သံဖြူဇရပ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ (၁၆) ခုတွင် ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့်ရပ်ကွက်၊ ကျေးရွာများသို့လည်း ကွင်းဆင်းပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းနိုင်ထံမှ သိရသည်။

 

#MRTV