ဂန့်ဂေါ ၁၂ ဩဂုတ်

 

ဂန့်ဂေါခရိုင်အတွက်ရရှိသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီတန်ချိန် ၅၄.၃၉ တန် (ဆီပုံး - ၃၃၇၂ ပုံး)ကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ ဇူလိုင်လ ၁၄ ရက်မှ စတင်လက်ခံသိုလှောင် ထားရှိကြောင်း ဂန့်ဂေါမြို့နယ် စားသုံသူရေးရာဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ခရိုင်နှင့် မြို့နယ်များတွင် အရန်ရိက္ခာ လက်ခံခြင်း၊ သိုလှောင်ခြင်းနှင့် နေရချထားရေးလုပ်ငန်း ဆပ်ကော်မတီများအဖွဲ့ကို ဖွဲ့စည်းထားပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မြင့်တက်လာချိန်တွင် ပြည်သူလူထုစားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် အရေးပေါ် စားအုန်းဆီများ သိုလှောင်ထားခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုနှင့်အတူ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)