လှိုင်းဘွဲ ၁၂ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲနှင့် နံရံစာစောင် ဓါတ်ပုံကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲ online မှတစ်ဆင့် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးက လူကုန်ကူးမှု ဖြစ်ပေါ်လာရသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ဉပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဉပဒေအရ အရေးယူနိုင်သည့် ဉပဒေများကို ဆွေးနွေးပြီး အမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းမေယုက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရှင်းလင်း ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)