၁၂ ဩဂုတ်
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါထပ်မံ ဖြစ်ပွားသူ အရေအတွက် ၅၂၁၆၀ ရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၁၂၇၄ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝှမ်းတွင် ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ဦးရေ ၃၁၀၉၆၃၀ ရှိကြောင်း အတည်ပြု ဖော်ပြထားပြီး နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၁၀၃၀၂၆ ဦး ရှိလာသည်။
ဘရာဇီးနိုင်ငံတွင် ဆော်ပိုလိုပြည်နယ်သည် ရောဂါကူးစက်ခံရမှု အများဆုံး ဖြစ်ပြီး စက်မှုလုပ်ငန်း အဖွံ့ဖြိုးဆုံးနှင့် လူဦးရေ အထူထပ်ဆုံး ပြည်နယ် ဖြစ်သည်။
ထိုပြည်နယ်တွင် ရောဂါကူးစက် ခံရသူ ၆၃၉၅၆၂ ဦး ရှိပြီး သေဆုံးသူ ၂၅၅၇၁ ဦး ရှိသည်။
ကမ္ဘာ့နိုင်ငံများတွင် ဘရာဇီးနိုင်ငံသည် ကူးစက်မှု အမြင့်မားဆုံး နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်။ ဘရာဇီးနိုင်ငံသည် အမေရိကန် ပြည်ထောင်စုပြီးလျှင် ရောဂါကူးစက်မှုနှင့် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို