ရှမ်းရွာသစ် ၁၂ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခြေခံ ပညာမူလတန်းကျောင်း၌ ဆရာ ဆရာမများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းကို မေလပထမပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ဒေသခံကျေးလက်နေပြည်သူများကို ပညာသင်ကြားပေးနေသော ဆရာ ဆရာမများ နေထိုင်ရန် အခက်အခဲအဆင်မပြေမှုများ ကြုံတွေ့နေကြောင်းသိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် (၈၂)သိန်းဖြင့် ပူးနဂါးကုမ္ပဏီက တာဝန်ယူ၍ အလျား (၁၈)ပေ၊ အနံ (၂၄)ပေရှိ ဝန်ထမ်းအိမ်ယာတစ်လုံးကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေးတို့ကို အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့သဖြင့် ဆရာ ဆရာမများ မကြာမီ ကျောင်းဖွင့်ချိန်တွင် အဆင်ပြေစွာနေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)