ပန်းတနော် ၁၂   ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များမျိုးသုန်းပျောက်ကွယ်မှု မရှိစေရေးအတွက် ပန်းတနော်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့  နံနက် ၉ နာရီက ကျင်းပသည်။

 

mdn

 

ငါးမျိုးစိုက်ထည့်ရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးရဲမင်းအောင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးလှအောင်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများက ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁ သိန်း၊ ထိုင်းငါးခုံးမ ငါးသားပေါက် ကောင်ရေ ၇ သောင်း၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၃ သောင်း စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၂ သိန်းကို ပန်းတနော်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

 

ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဗောဓိ၊ မင်းဆယ်၊ဒေါဝါးစသည့် ရေတံခါးများ၊ စပါးစိုက်ခင်းများ၊ သဘာဝမြစ်ချောင်းရေပြင်များနှင့် ပန်းတနော်မြစ်အတွင်းသို့ ငါးမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေးအတွက် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၈ သိန်းခန့် ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)