နမ့်စန် ၁၂ ဩဂုတ်

 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်  နမ့်စန်မြို့နယ်တွင် မြို့သာယာလှပစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး နမ့်စန်တပ်နယ်ရုံးရှေ့တွင် ဩဂုတ် ၁၂ ရက် နံနက် ၈ နာရီက သပြေဘူတပျိုးပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှထွေးနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ က သပြေဘူတ ပျိုးပင် ၃၅ ပင်ကို အဆိုပါ ပြည်ထောင်စုလမ်းမကြီးဘေးတွင် စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့သာယာလှပရေးအတွက် အလှူရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ခိုလမ်-နမ့်စန်၊ မိုးနဲ-နမ့်စန် နှင့် တောင်ကြီး-နမ့်စန် မြို့ဝင် ပြည်ထောင်စုလမ်းမကြီး ဘေးတစ်လျှောက် နေရာများတွင် ဇူလိုင်လ ပထမပတ်မှစတင်၍ သပြေဘူတပျိုးပင်များကို မှာယူစိုက်ပျိုးပေးလျက်ရှိရာ လက်ရှိအ ချိန်အထိ သပြေဘူတပျိုးပင်ပေါင်း ၄၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေးထံ က  သိရသည်။

 

သူရအောင်(ပြန်/ဆက်)