သရက်ချောင်း ၁၂ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်များရှိ အသက်(၅)နှစ် အောက် ကလေးများအား ဗီတာမင်အေဆေးနှင့်သန်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးခန်းမ၌ စတင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သဉ္ဇာသိန်းဝင်း ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်အောက် ကလေးငယ် များအား လက်မောင်းလုံးပတ်(cm)တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ မှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး အသက်(၆)လမှ (၅)နှစ်အောက် ကလေးများကို ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ (၅)နှစ် အောက် ကလေးများအား သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများကို သရက်ချောင်းမြို့ မြို့ပေါ်(၅)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေး(၉၂၅)ဦးကို တိုက်ကျွေးပေးသွားမည်ပြီး ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးရန် ကျန်ရှိသော ကျေးရွာများရှိ ကလေးများကိုလည်း ဆက်လက်၍ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)