မုဒုံ ၁၂ သြဂုတ်
မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စာရေးဆရာများနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်း က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ပါအကြောင်းအရာများကို မုဒုံမြို့နယ် ကွမ်တုံစာကြည့်တိုက်ဥက္ကဌ ဦးလှသိန်းနှင့် မွန်ပြည်နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမောင်မောင် တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသူများမှ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ မိမိတို့၏အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)