၁၂ ဩဂုတ်
ကြက်သွန်နီစိုက်တောင်သူများ ဈေးကွက်ရရှိရေး၊ ဝင်ငွေရရှိရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေ ရေးအတွက် သမဝါယမ ကဏ္ဍမှ No Profit, No Loss အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ် နှင့် ချိတ်ဆက်၍ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဒေသထွက်ကြက်သွန်နီ ပိဿာချိန် ၆၉၀ဝ ကို ဝယ်ယူပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါပုံ၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လှိုင်သာယာ (အနောက်)၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ (အရှေ့) မင်္ဂလာဒုံမြို့နယ်များမှ သမဝါယမ အသင်းသား ပြည်သူများထံသို့ ကြက်သွန်နီ ပိဿာချိန် ၆၇၀ဝ ကိုလည်းကောင်း၊ သီရိစန္ဒာအထည်ချုပ်စက်ရုံမှ အသင်းသား အသင်းသူများထံသို့ ကြက်သွန်နီ ပိဿာချိန် ၂၀ဝ ကိုလည်းကောင်း တစ်ပိဿာလျှင် ငွေကျပ် ၆၀ဝ နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ လယ်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)